App မိတ်ဆက် - Mobile App ကို ဒေါင်းလုပ်ဒ်ရယူပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တရုတ်-မြန်မာနှစ်ဘာသာသုံး Official Website ကို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါပြီ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-01 15:58:34


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တရုတ်-မြန်မာနှစ်ဘာသာသုံး Official Website (https://www.yangonchinaculture.org.mm) ကို ၂၀၂၁ ခုနှစ်အချိန်တွင် ပရိသတ်များအား စတင်မိတ်ဆက်ပေးချိန်မှစ၍ တရုတ်-မြန်မာနှစ်နိုင်ငံရှိ အွန်လိုင်းအသုံးပြုသူများအတွက် ထူးခြားကောင်းမွန်သော ယဉ်ကျေးမှုနှင့် ခရီးသွားဆိုင်ရာ အရင်းအမြစ်များကို ကြိုးစားတင်ဆက်ပေးခဲ့ပြီး တရုတ်-မြန်မာ ယဉ်ကျေးမှုအချက်အလက်များ မျှဝေဖလှယ်ရေးပလက်ဖောင်းနှင့် မြန်မာပရိသတ်တို့အတွက် တရုတ်ယဉ်ကျေးမှုများကို မိတ်ဆက်မျှဝေပေးသည့် အရေးပါသောပြတင်းပေါက်အဖြစ် ပုံဖော်တည်ဆောက်ခဲ့ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Official Website တွင် ယဉ်ကျေးမှုလှုပ်ရှားမှု၊ သင်ကြားရေးနှင့်သင်တန်း၊ ပညာရပ်ဆွေးနွေးမှု၊ ခရီးသွားမိတ်ဆက်၊ အချက်အလက်ဝန်ဆောင်မှု၊ အသိပေးကြေညာချက် အစရှိသဖြင့် ကဏ္ဍ(၁၁)ရပ် ခွဲခြားသတ်မှတ်ထားသည်။ တရုတ်နှင့်မြန်မာ ဘာသာစကားနှစ်ရပ်လုံးဖြင့် တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားဆိုင်ရာ အကြောင်းအရာများကို ပြည့်စုံကြွယ်ဝစွာ တင်ဆက်ပေးခြင်းမှတစ်ဆင့် များသထက်များသော အွန်လိုင်းအသုံးပြုသူများအား တရုတ်နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ လူမှုအဖွဲ့အစည်း အစရှိသည့်အပိုင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနားလည်သိရှိစေကာ အသွင်စုံလင် များပြားကြွယ်ဝလှသည့် တရုတ်ယဉ်ကျေးမှုများကို ထိတွေ့ခံစားစေပါသည်။


001.jpg


တရုတ်-မြန်မာ အွန်လိုင်းအသုံးပြုသူများ ဝက်ဘ်ဆိုဒ်တွင် ပိုမိုအဆင်ပြေလွယ်ကူစွာ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ iOS နှင့် Android စနစ် (၂)မျိုးလုံးအတွက် အသုံးပြုနိုင်သော Mobile App ကို မိတ်ဆက်ပေးပါရစေခင်ဗျာ……


ပရိသတ်များအနေဖြင့် စင်တာ၏ Official Website ကို လက်ကိုင်ဖုန်းဖြင့်ပင် ကြည့်ရှုလေ့လာနိုင်ပြီး နေရာဒေသ အချိန်နာရီမရွေး တရုတ်ယဉ်ကျေးမှုများကို ခံစားလေ့လာပြီး တရုတ်နိုင်ငံ၏ တောတောင်ရေမြေ သဘာဝရှုခင်းအလှတရားများကို အွန်လိုင်းပေါ်မှတစ်ဆင့် လည်ပတ်နိုင်သည်။


002.jpg


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Mobile App ကို ဒေါင်းလုပ်ဒ်ရယူ အသုံးပြုပုံ -


(၁) iOS အသုံးပြုသူများအနေဖြင့် App Store တွင် 【仰光中国文化中心】ဟု ရှာဖွေ၍ ဒေါင်းလုပ်ဒ်ရယူကာ Install ပြုလုပ်ပါ။


(၂) Android အသုံးပြုသူများအနေဖြင့် အောက်ဖော်ပြပါ link မှတစ်ဆင့် ဒေါင်းလုပ်ဒ်ရယူကာ Install ပြုလုပ်နိုင်ပါသည်။

(https://www.yangonchinaculture.org.mm/android.apk)


003.jpg


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာအနေဖြင့် ဝက်ဘ်ဆိုဒ်၏ လုပ်ငန်းလုပ်ဆောင်ချက်နှင့် အကြောင်းအရာများကို စဉ်ဆက်မပြတ် ပိုမိုထူးခြားကောင်းမွန်အောင် ကြိုးစားအားထုတ်ကာ မြန်မာနိုင်ငံရှိ တရုတ်ယဉ်ကျေးမှုကို နှစ်သက်သူများနှင့် အွန်လိုင်းအသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးစွမ်းသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေခင်ဗျာ။


004.jpg