၂၀၂၂ ခုနှစ်အတွက် "တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ" ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-12 13:57:49


19.jpg


"The Four Stunning Seasons of China – Your Perspective"


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ မိတ်ဆွေများအား တရုတ်နိုင်ငံခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းဝက်ဘ်ဆိုဒ် (www.travelchina.org.cn) နှင့် Beijing Sunny International Communications Ltd., တို့ ဦးစီးကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် “တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီ” ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်းအစီအစဉ်တွင် ပါဝင်ရန်နှင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့မတိုင်မီ သက်ဆိုင်ရာလိုအပ်ချက်နှင့် လုပ်ဆောင်မှုအဆင့်များအတိုင်း ဓာတ်ပုံလက်ရာများကို ပေးပို့‌ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။


20.jpg


၁။ အစီအစဉ်အချိန်များ (လက်တွေ့ဆောင်ရွက်ချိန်ကိုသာ အတည်ပြုပေးပါရန်)


ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံခြင်း - ဧပြီလ (၂၀) ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့အထိ

ဓာတ်ပုံလက်ရာများ ထုတ်လွှင့်ပြသခြင်း - မေလ (၁၅) ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့အထိ

Offline အကဲဖြတ်ခြင်း - အောက်တိုဘာလ (၂၆) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ

ရွေးချယ်ခံရမှုစာရင်း ထုတ်ပြန်ကြေညာခြင်း - နိုဝင်ဘာလ (၁၅) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ

ကမ္ဘာတစ်ဝှမ်းတွင် မိတ်ဆက်‌ခြင်း - နိုဝင်ဘာလ (၁၅) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ


၂။ ဓာတ်ပုံလက်ရာများ စုဆောင်းလက်ခံမှု အကြောင်းအရာ


တရုတ်နိုင်ငံခရီးသွားလာမှု ခေါင်းစဉ်အကြောင်းအရာနှင့် သက်ဆိုင်သည့် ကိုယ်ပိုင်ဖန်တီးမှု ဓာတ်ပုံလက်ရာများဖြစ်ရန် လိုအပ်ပြီး သဘာဝရှုခင်း၊ လူမှုယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်းမှတ်ရာ၊ ရုပ်ဓာတ်ပုံဇာတ်လမ်းပုံပြင် အစရှိသော ဓာတ်ပုံလက်ရာများဖြင့် ပေးပို့ပါဝင်နိုင်၍ ရိုက်ချက်မြင်ကွင်းများသည် ရာသီလေးမျိုးတို့၏ ထူးခြားချက်ဝိသေသလက္ခဏာများ ပေါ်လွင်ထင်ရှားရမည်။


၃။‌ ဓာတ်ပုံလက်ရာ လိုအပ်ချက်များ


(က) ဓာတ်ပုံတစ်ပုံတည်းဖြစ်စေ၊ ဓာတ်ပုံအစုံလိုက်ဖြစ်စေ ပေးပို့ပါဝင်နိုင်သည်။

(ခ) ရိုက်ကူးရေးစက်ပစ္စည်းအား ကန့်သတ်ထားခြင်းမရှိပါ။ Single-lens reflex (SLR) ၊ လက်ကိုင်ဖုန်း၊ ဝေဟင်ထက်မှရိုက်ကူးခြင်းများ အားလုံးလက်ခံပါသည်။

(ဂ) jpg format အမျိုးအစားဖြစ်ရန် လိုအပ်ပြီး တစ်ပုံတည်းဓာတ်ပုံ၏ အရွယ်အစားသည် 5MB အထက် ရှိရမည်။

(ဃ) ဓာတ်ပုံလက်ရာအမည်နှင့်တကွ စာလုံးရေ အလုံး(၁၀၀) အတွင်းရှိသော ဓာတ်ပုံရှင်းလင်းဖော်ပြချက်များကိုပါ ပူးတွဲပေးပို့‌ရမည်။

(င) ပေးပို့ပါဝင်လိုသူ၏ အမည်အရင်းနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ပေးပို့ဖော်ပြရမည်။


၄။ ဆုအမျိုးအစားသတ်မှတ်ချက်များ


“ရှုခင်းအလှ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်၊ အပျော်ခရီးထွက်ခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်ဆင့်ကမ်းခြင်း၊ ဂေဟစနစ်ဆိုင်ရာဓာတ်ပုံ” ဟူ၍ ခေါင်းစဉ်ကဏ္ဍ(၆)မျိုး ပိုင်းခြားထားပြီး ခေါင်းစဉ်တစ်ခုစီအတွက် ဓာတ်ပုံလက်ရာမွန်များ (၁၀)ပုံ/စုံကို ရွေးချယ်သွားမည်ဖြစ်ကာ ဦးစီးကျင်းပသူများဘက်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သွားပါမည်။


၅။ သက်ဆိုင်ရာ ရှင်းလင်းချက်များ


(က) ပေးပို့ပါဝင်လိုသူသည် မိမိပေးပို့လိုက်သည့် ဓာတ်ပုံလက်ရာ၏ အလုံးစုံမူပိုင်ခွင့် (သို့) ပါဝင်ပြသသည့် ဓာတ်ပုံလက်ရာ၏ မူပိုင်ခွင့်အသိအမှတ်ပြုခွင့်ပြုချက် ရှိရမည်။

(ခ) ဓာတ်ပုံလက်ရာ‌မွန်များသည် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ တရားဝင်လှုပ်ရှားမှုပွဲများနှင့် ပြည်တွင်းပြည်ပ ပလက်ဖောင်းများတွင် ပြသခွင့် ရရှိမည်ဖြစ်သည်။

(ဂ) ပွဲစီစဉ်‌ဆောင်ရွက်ရေးကော်မတီတွင် ဤပွဲအစီအစဉ်၏ နောက်ဆုံးဆုံးဖြတ်ဖြေရှင်းပိုင်ခွင့်ရှိသည်။


၆။ ပေးပို့ရန်လိပ်စာနှင့် ဆက်သွယ်ရန်


နာမည်စာရင်းပေးသွင်းရန် - http://seasons.travelchina.org

ဆက်သွယ်ရန် - Zhang Qixin 010-58204636


eea9e003f404d1aa8d39d8579e13d9c6.jpg

44e3002839ec75585062068b9d1f946d.jpg

0f17085e5bd448ad8bbace7ee8f59574.jpg

f07f0575448bf89eb7ff661c266bb063.jpg

20b2b9a4134680fea5841ddcb1b2e568.jpg


(အထက်ဖော်ပြပါဓာတ်ပုံများသည် ၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ၏ အလှဆုံးလေးရာသီအစီအစဉ်ထဲမှ ဓာတ်ပုံလက်ရာမွန်အချို့ ဖြစ်ပါသည်။)