သင်္ကြန်ပွဲတော်အချိန်အခါသမယမှာ အားလုံး ပျော်ရွှင်ကြပါစေကြောင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-13 14:42:13
အတာသင်္ကြန်ရဲ့ စေတမန်ပိတောက် ပွင့်လန်းပြီမို့၊
လှသွေးကြွယ်တဲ့ ပန်းပွင့်ကလေးကို မင်္ဂလာအဖြာဖြာ ဆောင်ကြဉ်းစေပြီး၊
ကျက်သရေဖြာတဲ့ ရေပေါက်ကလေးကို ကြည်နူးမှုအသွင် ကူးပြောင်းစေမယ်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ သင့်အတွက် အတာသင်္ကြန်ဆုမွန်ကောင်းများ ပို့သအပ်ပါတယ်။
သင်္ကြန်အချိန်အခါသမယတွင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံ၍ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။
မြန်မာ့ရိုးရာအကဆရာမ အေးသန္တာဗိုလ် ကပြတင်ဆက်ထားတဲ့ မြန်မာ့ရိုးရာ သင်္ကြန်အကကို ကြည့်ရှုခံစားလိုက်ရအောင်လားရှင်။
ဗီဒီယိုတင်ဆက်ခွင့်ပေးပါသော ဆရာမ အေးသန္တာဗိုလ်အား အထူးပင်ကျေးဇူးတင်ရှိပါသည်။